ရန်ကုန်တက္ကသိုလ် အမှိုက်ကင်းစင်ရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ရန်ကုန်တက္ကသိုလ်နှင့် GEGG မြန်မာတို့ ပူးပေါင်း လုပ်ဆောင်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၂- ရန်ကုန် တက္ကသိုလ်အမှိုက်ကင်းစင်ရေးနှင့်စိမ်းလန်းစိုပြည်ရေးကို GEGG မြန်မာတို့မှ ပူးပေါင်း လုပ်ဆောင် နေကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။ ရန်ကုန် တက္ကသိုလ်ပရဝဏ် သည် ကိုလိုနီစတိုင်ဖြင့် သစ်ပင်အ မျိုးအစားပေါင်းများစွာရှိနေသည့် အပြင်၊ စားသောက်ဆိုင် တန်း များ ဖြင့်လည်း စည်ကားစွာ တည်ရှိနေ သော နေရာတစ်ခုဖြစ် သည့် အတွက် သစ်ရွက်ခြောက်များစွာရှိနေသည့် အပြင် စားသောက်ဆိုင်များမှ စွန့်ပစ် ထားသောစွန့်ပစ်ပစ္စည်းများ၊ လေလွင့် ခွေးများသည် ရန်ကုန်တက္ကသိုလ်၏ အလှအပများကို ဖျက်ဆီး နေသည့် အတွက် ရန်ကုန်တက္ကသိုလ်စိမ်းလန်း စိုပြည်ရေးနှင့် အမှိုက်ကင်းစင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်တာ ဝန်ခံ ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း က ''ဒီစီမံကိန်းက ရန်ကုန်တက္က သိုလ်အတွင်းမှာ အမှိုက်ကင်း စင်ဖို့ နဲ့ စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စီမံကိန်းက စတင်ဆောင်ရွက်နေပါပြီ။ အမှိုက်ကင်းစင်ဖို့နဲ့ စိမ်းလန်းစိုပြည် ရေးအပြင် ဆွေးမြည့်လွယ်တဲ့စွန့်ပစ် ပစ္စည်းတွေနဲ့ မြေဩဇာပြန်လည်လုပ် ဆောင်မှာတွေပါ ဆောင် ရွက်မှာ ဖြစ် ပါတယ်'' ဟုပြောသည်။
အဆိုပါ စီမံကိန်းကို ရန်ကုန် တက္ကသိုလ်နှင့် GEGG မြန်မာတို့ ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခု နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်နှစ် ကြာပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဒေါက်တာ ဖိုးကောင်းက ''ရန် ကုန်တက္ကသိုလ်အနေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးကို စတင်ဆောင်ရွက် နေတာက လွန်ခဲ့တဲ့သုံး လလောက် ကတည်းက စတင်ဆောင်ရွက်ခဲ့တာ ပါ။ အခုမှ သူတို့ဘက် ကနေ ဝင် ရောက်ကူညီတာဖြစ်ပါတယ်။ စီမံ ကိန်းကို စတင်ဆောင်ရွက်တာက တော့ လက်မှတ်ထိုးပြီးတဲ့ စက်တင် ဘာလကတည်းက စတင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်'' ဟု ပြော သည်။
ရန်ကုန်တက္ကသိုလ် ကို တွေ့ရစဉ် ။ ဓာတ်ပုံ - DT
စီမံကိန်းဆောင်ရွက်ပုံမှာ ရရှိ လာသောအမှိုက်များကိုခွဲခြားပြီး၊ ဆွေးမြည့်နိုင်သော အမှိုက်များကို မြေဩဇာပြန်လည် လုပ်ဆောင်ပြီး ၊ အခြားအမှိုက်များကို စည်ပင်ဌာနမှ အမှိုက်သိမ်း ရန်လာ ရောက်ပါက စွန့် ပစ်မှုများပြုလုပ်ရကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး Executive Director ဦးကျော်လွင်လှက ''စီမံ ကိန်းကတော့ ရန်ကုန်တက္ကသိုလ်က လုပ်ဆောင်နေ တဲ့ စီမံကိန်းကို ဝင် ရောက်ကူညီတာပါ။ အဓိက ကတော့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ နဲ့ အမှိုက် ကနေကျောင်းအတွက် ဝင်ငွေပြန်လည်ရရှိဖို့ပါ။ အဓိကက တော့ ရန်ကုန်တက် ကသိုလ် ကို အမှိုက် ကင်းစင်ပြီး စိမ်းလန်းစိုပြည်ရေး အ တွက်ပါ'' ဟုပြောသည်။
ယင်းစီမံကိန်းဆောင်ရွက်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် တွင် ရန်ကုန်တက္ကသိုလ်နှင့် GEGG မြန်မာတို့ ပူးပေါင်းဆောင် ရွက် ရန် ဆွေး နွေးခဲ့ပြီး သဘောတူစာချုပ်ကို နိုဝင် ဘာ ၂၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကာ သဘောတူစာချုပ် အရ ရန်ကုန် တက္ကသိုလ်စိမ်းလန်းစိုပြည်ရေးအ တွက် GEGG မြန်မာမှအမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို သဘောတူ လက်မှတ်ရေး ထိုးပြီးသော ရက် ပေါင်း ၃၀ အတွင်း ပေးအပ်မည်ဖြစ် ကြောင်း၊ ပထမအရစ်အဖြစ် ဒေါ် လာ ၇၀၀၀ ပေးအပ်ပြီး ဒုတိယအရစ် အဖြစ် ဒေါ်လာ ၃၀၀၀ ကို ပေးအပ် မည်ဖြစ်ကြောင်း သိရသည်။
Source Credit : Democracy Today