အခြေခံပညာကျောင်းများ၏နှစ်ဆုံးစာမေးပွဲများ ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း စစ်ဆေးမည်
အခြေခံပညာကျောင်းများ၏နှစ်ဆုံးစာမေးပွဲများ ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း စစ်ဆေးမည်
စတုတ္တတန်းနှင့်အဌမတန်း နှစ်ဆုံးစာမေးပွဲများကိုဖေဖော်ဝါရီလ ၁၅ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။
စတုတ္ထတန်းနှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ၁၅ရက်နေ့မှ၁၉ ရက်နေ့အထိ ဘာသာရပ်အလိုက် တစ်နေ့လျှင်တစ်ဘာသာနှုန်း ပိတ်ရက်မရှိ စစ်ဆေးမည်ဖြစ်ပြီး အဌမတန်းးကို ဖေဖော်ဝါရီလ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ခြောက်ဘာသာ စစ်ဆေးမည်ဟု သိရသည်။
"စာမေးပွဲရက်တွေ သတ်မှတ်ပြီးပါပြီ။တိုင်းဒေသကြီးပညာရေးမှုးရုံးတွေကိုလည်း အကြောင်းကြားထား ပါတယ်"ဟု အခြေခံပညာဦးစီးဌာနမှညွှန်ကြားရေးမှုးတစ်ဦးကဆိုသည်။
သူငယ်တန်းနှင့် ပထမတန်းတို့တွင် သင်ကြားပြီးစီးမှုအပေါ်ပုံမှန်စစ်ဆေးခြင်းနှင့် ဒုတိယတန်းအတွက် အခန်းဆုံးစစ်ဆေးမှုကို ဖေဖော်ဝါရီလ ၂၅ရက်နေ့နှင့်၂၆ရက်နေ့ တို့တွင် စစ်ဆေးမည်ဖြစ်ပြီး တတိယတန်း ၊ပဉ္စမတန်း၊ ဆဌမတန်းနှင့် သတ္တမတန်းတို့အတွက် အခန်းဆုံးစစ်ဆေးမှုများကိုဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ ၂၇ ရက်နေ့အတွင်းတစ်၇က်လျှင် တစ်ဘာသာစီအား စာသင်ချိန်တစ်ချိန်နှုန်းဖြင့်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
န၀မတန်းကိုဖေဖော်ဝါရီလ၂၂ရက်နေ့မှ၂၇ရက်နေ့အတွင်းစစ်ဆေးမည်ဖြစ်ပြီးဒသမတန်းနှစ်ဝက်ဆုံး စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၇ ရက်နေ့တွင် စစ်ဆေး သွားမည်ဟုဆိုသည်။
စာမေးပွဲကျင်းပမည့်ရက်များကို အခြေခံပညာကျောင်းများနှင့်ပညာရေးမှုးရုံးများကိုညှိနှိုင်းထားပြီးဖြစ် သည်ဟုသိရသည်။