တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ၂၀အား စက်တင်ဘာလတွင် ဂျပန်သို့လေ့လာရေးစေလွတ်မည်

၂၀၁၅တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား(၂၀)ဦးအား ရွေး

ချယ်ပြီးစီးသွားပြီဖြစ်ပြီးစက်တင်ဘာလဆန်းတွင်ဂျပန်နိုင်ငံသို့လေ့လာရေးခရီးစေလွှတ်မည်ဖြစ်ကြော

င်းဂျပန်- မြန်မာအသင်း (MJA)မှ သတင်းရရှိသည်။

          လေ့လာရေးခရီးစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသားများသည်တိုကျိုမြို့ရှိ တက္ကသိုလ်တစ်

ခုနှင့်အထွေထွေသိပ္ပံပြတိုက်သို့သွားရောက်လည်ပတ်ခွင့်နှင့်အတူ ဂျပန်နိုင်ငံမြောက်ပိုင်းဒေသ၌ခုနှစ်

ညအိပ်ရှစ်ရက်တာ အနားယူအပန်းဖြေခွင့်ရရှိမည်ဖြစ်သည်။

          “ရွေးချယ်တဲ့နေရာမှာအမှတ်ထူးချွန်ရုံတင်မဟုတ်ဘူး။ဘက်စုံထူးချွန်တဲ့သူကို အမှတ်ပေးစည်း

မျဉ်းတွေနဲ့ရွေးချယ်ပါတယ်။ဂျပန်မှာလေ့လာရေးခရီးအပြင် Home Stay အစီအစဉ်ပါတော့ ဂျပန်နိုင်ငံ

ရဲ့ယဉ်ကျေးမှုနဲ့ဘာသာစကားကို ဒီမှာကတည်းက စခန်းသွင်းလေ့ကျင့်ပေးမှာပါ။” ဟု ဂျပန်- မြန်မာ

အသင်း(MJA)အတွင်းရေးမှူးဒေါက်တာဌေးလွင်ကပြောတယ်။

          အဆိုပါလေ့လာရေးအစီအစဉ်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်(နေပြည်တော်ကောင်စီနယ်

မြေအပါအဝင်)အလိုက်သိပ္ပံဘာသာတွဲနှင့်ဝိဇ္ဇာဘာသာတွဲတွင် ထူးချွန်သူစုစုပေါင်း၉၂ဦးပါဝင်လျှောက်

ထားပြီး၎င်းတို့အနက် ရွေးချယ်ရေးကော်မတီ၏ စည်းကမ်းချက်များနှင့်ကိုက်ညီသည့်၆၆ဦးကို ရန်ကုန်၊

နေပြည်တော်နှင့်မန္တလေးမြို့များ၌ လူ့တွေ့စစ်ဆေးခဲ့ပြီး ကျောင်းသား ၂၀ဦးအား ထပ်မံရွေးချယ်ခဲ့ခြင်း

ဖြစ်သည်။

          အဆိုပါကျောင်းသားများသည် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်၊ဂျပန်ပြည်ဝင်ခွင့် ဗီဇာလျှောက်

ထားရန်အတွက်မြန်မာ-ဂျပန်အသင်းသို့ ဆက်သွယ်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ်အ

တွက်ကြိုတင်ပြင်ဆင်ရန် စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်သောကြောင့် မရမ်းကုန်းမြို့နယ်၊ရွှေ

နှင်းဆီလမ်းရှိကမ္ဘောဇဘဏ်သင်တန်းကျောင်းသို့ သြဂုဏ် ၃၁ရက်နေ့တွင် သတင်းပေးပို့ရန် မြန်မာ-

ဂျပန်အသင်းကသတင်းထုတ်ပြန်သည်။

          အဆိုပါ ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်ကိုမြန်မာ-ဂျပန် သံတမန် ဆက်ဆံရေးနှစ် (၆၀)ပြည့် အ

ထိမ်းအမှတ်လှုပ်ရှားမှုအဖြစ်၂၀၁၄တွင် စတင်၍ ထူးချွန်ကျောင်းသား၂၀အား ဂျပန်နိုင်ငံသို့စတင်လေ့

လာရေးစေလွှတ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဂျပန်-မြန်မာအသင်း (MJA)မှ သိ

ရသည်။

                                                                                        ဇော်မျိုးလှိုင်